ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

ပေါင် ဇူလိုင် ၄   

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၁)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က  မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဦးအောင်မျိုးနှင့် တာဝန်ရှိသူအသီးသီးတို့ကစျေးကွက်အတွင်းတွင် " အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး" ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ စျေးကွက်အတွင်း "အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး" ရောင်းချခြင်းမတွေ့ရှိရဘဲကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော "အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး" ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရသည် ။

မွန်မလေး(ပြန်/ဆက်)