ကျောက်တံခါးမြို့နယ်တွင်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်

ကျောက်တံခါး ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင်ကျရောက်မည့်  (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဦးစီးဌာနဝန်ထမ်းများနှင့် အသင်းစုဝန်ထမ်းများအား ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေယုဝါလှိုင်က အခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်း စုလီမိတက် ဥက္ကဋ္ဌဦးသန်းစိုးကအမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ထောက်ပံ့သည့်ဆန်နှင့်ဆီတို့ကို ဦးစီးဌာနဝန်ထမ်းများနှင့်အသင်းစုမှ ဝန်ထမ်းများအား တာဝန်ရှိသူများကအသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)