လှိုင်းဘွဲ ဇူလိုင် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား Booster Pfizer Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Booster Pfizer Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား တစ်ဦးချင်းစီ၏ အချက်အလက်များကောက်ယူ၍ ကျန်မာရေးစစ်ဆေးပေးခြင်း၊ Covid-19ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပေးခြင်းနှင့်ထပ်ဆောင်းထိုနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)