ကော့မှူး ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းကပြောကြားရာတွင် ကျောင်းဖွင့်ရာသီ၌ သတ်မှတ်ထားရှိသည့်ရက်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးကိစ္စရပ်များ၊ ဘဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ပြည်သူ့စစ်မှုထမ်းဆောင်နိုင်ရေးဆင့်ခေါ်ရာတွင် အဂတိကင်းရှင်းစွာဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် လူဦးရေစာရင်းတိကျမှန်ကန်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားထူးခြားဖြစ်စဥ်များရှိပါက အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြရန် ဆွေးနွေးပြောကြားခဲ့ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)