မြန်မာအမျိုးသမီးများနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲ‌ တော်နှင့် သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာ‌ ပေးဟောပြောပွဲကျင်းပ

ရေဦး  ဇူလိုင် ၁

၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့ နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီက ရွှေပြည်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် သစ်ပင်စိုက်ပျိုးပွဲ‌ တော်အခမ်း အနားကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဝင်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ မိသားစုစည်းကမ်း ထိန်းသိန်းရေးကော်မတီ၀င်များ၊ ဆရာမများ၊ ကျောင်းသူများက ရတနာတန်း၀င် ကျွန်း၊ ပိတောက်၊ ငုဝါ၊ တမာ၊ ပျိုးပင်ပေါက် ၁၀၀ ပင်ကို စုပေါင်းစိုက် ခဲ့ကြသည်။

ထို့နောက် နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်း‌ကျောင်း  ပညာရတ နာခန်းမတွင်  သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က အဖွင့်အမှာ စကားပြောကြားပြီး သစ်တောဦးစီးဌာနတာ၀န်ခံ ဦးစည်သူအောင်က  သဘာဝပတ်၀န်းကျင်  လေထု၊ ရေထုနှင့်မြေထုညစ်ညမ်းမှု မရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။              ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက ပလပ်စတစ်အန္တရာယ်ကြီးမားပုံနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အလေးထားဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း  အသိ ပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေဝင်းက ကျေးဇူးတင်စကား ပြန်လည်‌ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်က‌လေး‌ စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ က အမှိုက်စို၊ အမှိုက်‌ခြောက် ခွဲခြားပုံကို ရှင်းလင်းပြောကြားပြီး ခရိုင်/မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ကျောင်းသူလေးများက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်နှင့် အန္တရာယ်ရှိ‌ သောအမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြခဲ့ကြကြောင်းသိရသည်။

 ၎င်းနောက် မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ‌ ဆောင်ရွက်‌ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် သစ်တောစီးဌာနကပြသထား‌သော ပတ်၀န်ကျင်စိမ်းလန်းစို‌ ပြေရေး၊ သစ်ပင်များ၏အရေးပါမှုအား ဗီနိုင်းပိုစတာများပြသထားရှိမှုကို  တက်ရောက်လာကြသူများက စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး )