အိမ်မဲ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် ဆင်းသုခမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့တို့သည် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၀-က)၊ ဦးပိုင်အမှတ် (၈၈/၂) တောင်သူ ဦးမြင့်လွင် ၏ (၄.၆၇)ဧက၌ ဆင်သုခစပါးမျိုးအား ကောက်စိုက်သမများဖြင့် လက်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်တို့က ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)