လွိုင်လင်မြို့တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေး သင်တန်းဖွင့်လှစ်

လွိုင်လင် ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ Care Myanmar (ဝမ်ပန်)အဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် လွိုင်လင်မြို့နယ် အမျိုးသမီးများအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၂)ဦးဖြင့် သင်တန်းသူ(၂၀)ဦးကို နှစ်ရက်ကြာသင်တန်းပို့ချပေးမည်ဖြစ်သည်။ သင်တန်းတွင် အိမ်တွင်းအမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် အမျိုးသမီးကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)