ရပ်စောက် ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း၊ အမျိုးသမီးအသင်း၊ လူငယ်အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က အသင်းများပြန်လည်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြေားကြားသည်။ ထို့နောက် ယခင်ဖွဲ့စည်းထားရှိခဲ့သော လူဦးရေနှင့် ဆက်လက်လှုပ်ရှားဆောင်ရွက်မည့်အစီစဉ်များကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ စာရေးဆရာသင်းဥက္ကဋ္ဌ ဦးသန်းလွင်က စာပေချစ်မြတ်နိုးသူအသင်း(သုတအလင်း) ယခင်ဆောင်ရွက်ခဲ့မှုနှင့်ဖွဲ့စည်းထားသည့် အသင်းသားအရေအတွက်၊ လှုပ်ရှားဆောင်ရွက်ခဲ့သည့်အချက်အလက်များ၊ ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း၊ အမျိုးသမီးအသင်းဥက္ကဋ္ဌ ဒေါ်နန်းတင်တင်စိုးက အမျိုးသမီးများနှင့်ပတ်သက်သည့်လှုပ်ရှားဆောင်ရွက်မှုများ၊ ဆက်လက်လှုပ်ရှားဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ကျန်ရှိသည့်အသင်းများမှ အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာအဖွဲ့များ၏ လုပ်ငန်းကိစ္စရပ်များအား တင်ပြဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးသို့ စာပေချစ်မြတ်နိုးသူများအသင်း၊ အမျိုးသမီးအသင်း၊ လူငယ်အသင်များမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၁၀) ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်