လင်းခေးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

လင်းခေး ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ၂၀၂၅ ခုနှစ် ဇူလိုင်()ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီခွဲက လင်းခေးမြို့၊ ရွာမကြီး အနောက်ရပ်စိုက်ကွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

စိုက်ပျိုးပွဲတော် မကျင်းပမီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်မျိုးနိုင်တို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူခဲ့ကြပြီးနောက် တက်ရောက်လာသူများအားလုံး တပျော်တပါးစုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။ ယနေ့ စိုက်ပျိုးခဲ့သည့် အပင်အမျိုးအစားများမှာ ရတနာတန်းဝင် ကျွန်း(၁၀၀)ပင်၊ စိန်တစ်ခြူ (၂၅) ပင်၊ စိန်ပန်း (၂၅) ပင်စုစု ပေါင်း (၁၅၀) ပင်ဖြစ်ပြီး အဆိုပါစိုက်ပျိုးပွဲတော်သို့  မြို့နယ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)