လွိုင်လင် ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်မူများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှုး ဒေါ်ဥမ္မာအောင်မှ မိမိတို့ဌာနအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ဆောင်ထားရှိမှုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးသိန်းနိုင်မှ လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဆွေးနွေးတင်ပြပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များမှတာဝန်ရှိသူများမှ မိမိတို့လုပ်ငန်းများအပေါ် ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြပေးခဲ့ကြကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှုးမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)