ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အ.ထ.က (၄) တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

အောင်မြေသာစံ ဇွန် ၂၇

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ နဝ‌ဒေးခန်းမ၌ ကျင်းပ‌‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်မြေသာစံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမေး/အဖြေကဏ္ဍ ဆောင်ရွက်ခြင်းကြပြီး အမေး/အဖြေကဏ္ဍ အဖြေမှန် ကျောင်းသူများအား အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးကြကာ တက်ရောက်လာသူများအား လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အောင်မြေသာစံခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၀န်ထမ်းများ၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျာင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)