သတင်းများ

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Jul 03,2025
မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ် Y Mandalay Hotel ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jul 03,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် Y Mandalay Hotel ၌ ကျင်းပခဲ့သည်။
အမရပူရမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများအား စားသုံးဆီသက်သာချောင်ချိရေး စျေးရောင်းပွဲတော် ကျင်းပ
Jul 03,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်လေးစုရပ်ရှိ သမဝါယမအသင်းစု အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ဇူလိုင်လပထမပတ် စနေ့နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် ​အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသားများအားစား သုံးဆီသက်သာချောင်ချိရေး စျေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကျောင်းပြင်ပမူလတန်းပညာရေးအခြေစိုက်စခန်း ဖွင့်လှစ်
Jul 03,2025
ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာ‌ရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောင်းပြင်ပမူလတန်း ပညာရေးအခြေစိုက်စခန်း (မန္တလေးလူငယ်သင်တန်းကျောင်း) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်က လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အောင်လံမြို့၌ သီတဂူဇောတိကစက္ခုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များ စမ်းသပ်ခွဲစိတ်ကုသပေး
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဓညဝတီရခိုင်ကျောင်းတိုက်အတွင်းရှိ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ကူညီပံ့ပိုးမှုဖြင့် မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးခွဲစိတ် ကုသပေးလျက်ရှိသည်။
ပေါင်းတည်၌ မိုးစပါး ၇၃၅၁၄ ဧကအပါအဝင် မိုးရာသီ သီးနှံ ၁၁၆၆၉၀ ဧက လျာထားစိုက်ပျိုး
Jul 03,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍမှ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် တောင်သူများ ပူး​ပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရပြီး ယခု ၂၀၂၅ ခုနှစ်၊ မိုးရာသီသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၇၃၅၁၄ ဧကအပါအဝင် မိုးရာသီ သီးနှံစုစုပေါင်း ၁၁၆၆၉၀ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။