အောင်မြေသာစံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

အောင်မြေသာစံ ဇူလိုင် ၃

မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးလှမိုး၊ မြို့နယ်အဆင်ဌာနဆိုင်ရာဦးစီးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်နှင့်ဝန်ထမ်းများ၊ သင်တန်းသား (၅၉) ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်ကသင်တန်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားဆရာမ (၄၇၂) ဦးကို သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၅၉) ဦး၊သင်တန်းကာလ (၂) ရက်စီဖြင့် အကြိမ် (၈) ကြိမ်ခွဲကာ ဇူလိုင်လ ၃ ရက်မှ ၂၁ ရက်နေ့ထိ နံနက်ကိုးနာရီ မှ ညနေလေးနာရီ အချိန်ထိ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်