Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကျင်းပ
Apr 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ချမ်းသာကြီးဘုရားဓမ္မာရုံ၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက ၉ နာရီခွဲအချိန်က အဆိုပါဓမ္မရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Apr 19,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား လိုက်လံကြည့်ရှု၊ ဆရာတော်၊သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Apr 19,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ချမ်းမြသာစည်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိစေတီ၊ပုထိုး၊ သာသနိကအဆောက်အအုံအပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရခရိုင်အတွင်း သဘာဝဘေး (ငလျင်) ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး
Apr 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေး (ငလျင်) ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဒေသအတွင်းငလျင် ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများပေးအပ်
Apr 19,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသ နန်းသဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများသို့ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ အိုင်ထောင့်ကြီးကျေးရွာရှိ ငလျင်ဘေးဒဏ်ရှေ့တန်းကွပ်ကဲမှုရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံစားသောက်ကုန်များ ဈေးသက်သာစွာဝယ်ယူရေးနိုင်ရေး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ဥများဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ်ရောင်းချ
Apr 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုးသာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် ပြည်သူများအသွားအလာများသော ဈေးများ၊ လမ်းဆုံလမ်းထောင့်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် နှစ်ဆန်း(၁)ရက်နေ့၌သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိ
Apr 19,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်ခရိုင်စုပေါင်းရုံး၌ မြန်မာ့နှစ်သစ်ကူး နှစ် ၁၃၈၇ ခုနှစ် သစ်ကူးနှစ်ဆန်း(၁)ရက်နေ့တွင် ဧပြီ ၁၇ ရက်နေ့ နံနက်(၉) နာရီ အချိန်က ချောက်မြို့နယ်တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ မော်လမြိုင်မြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ပွဲ တက်ရောက်
Apr 18,2025
၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်နယ်သူ ပြည်နယ်သားများ ဥပဒ်ဘေးဒဏ်ရန်အသွယ်သွယ် အန္တရာယ်အဝဝကင်းစင်ပပျောက်စေနိုင်ရန်အတွက် မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပခဲ့ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
870
Page
871
Page
872
Page
873
Current page
874
Page
875
Page
876
Page
877
Page
878
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department