ပလောက် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီးယားဓာတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီကပလောက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်ထွန်း က ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာအိတ်များကို ပလောက်မြို့ရှိ မိုးစပါးစိုက်ပျိုးသူတောင်သူများ ထံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)