သတင်းများ

ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား Online မှတစ်ဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု အကြိမ် (၁၀၀၀) ရှိလာ
Jul 02,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး  ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု အကြိမ် (၁၀၀၀) ကျော် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်
Jul 02,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြု လုပ်ခဲ့ကြသည်။
ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၌ ၂၀၂၅ ပညာသင်နှစ် လက်ရက်ကန်း (၆) လသင်တန်း (ပထမအကြိမ်)သင်တန်းဆင်းပွဲနှင့် (ဒုတိယအကြိမ်)သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 02,2025
မိသားစုဝင်ငွေတိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးနှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (ဘားအံမြို့) မှ ဖွင့်လှစ်သည့် လက်ရက်ကန်း (၆) လ(ပထမအကြိမ်) သင်တန်းဆင်းပွဲနှင့် (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သာစည်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
Jul 02,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၀၂၀) ကုက္ကိုကန်အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၅/၁)၊ ဧရိယာ (၀.၁၈) ဧကရှိ တောင်သူ ဦးပေါ်ညွှန့်၏ စပါးသီးနှံမျိုး အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ပန်းထိမ်မနိုင်ပန်း စိုက်ပျိုးသူများ စျေးကောင်းရ
Jul 02,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုမိုးဦးကာလအတွင်း ပန်းထိမ်မနိုင်ပန်း စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေစံပြေကျေးရွာ၌ မိုးစပါး ဆင်းဧကရီ - ၃ စံပြစိုက်ကွက် လက်တွေ့ကွင်းသရုပ်ပြ စိုက်ပျိုး
Jul 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးအထွက်နှုန်း တိုးတက်ရရှိစေရန်အတွက် မိုးစပါး ဆင်းဧကရီ - ၃ စံပြစိုက်ကွက် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းလွစံပြေကျေးရွာ ဦးပိုင်တောင်သူ ဒေါနန်းနွန်းလုံ၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်သည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်၊ ဆီ ရိက္ခာများ ချီးမြှင့်ပေးအပ်
Jul 02,2025
ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုင်းရင်းသားပြည်သူများသည် ဘားအံခရိုင်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများသို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ ရိက္ခာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင် တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းရှိ မိုးလုံ လေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။