သာစည် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၀၂၀) ကုက္ကိုကန်အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၅/၁)၊ ဧရိယာ (၀.၁၈) ဧကရှိ တောင်သူ ဦးပေါ်ညွှန့်၏ စပါးသီးနှံမျိုး အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြိုနယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် နွေစပါးများ ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အစိုတင်း (၁၄၁.၆၂) တင်းနှုန်းထွက်ရှိခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဌေးဌေးထံမှ သိရသည်။
သင်းသင်း(ပြန်/ဆက်)