မိုင်းယန်း ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးအထွက်နှုန်း တိုးတက်ရရှိစေရန်အတွက် မိုးစပါး ဆင်းဧကရီ - ၃ စံပြစိုက်ကွက် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းလွစံပြေကျေးရွာ ဦးပိုင်တောင်သူ ဒေါနန်းနွန်းလုံ၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်သည်။
အဆိုပါ စံပြစိုက်ကွက်စိုက်ပျိုးနေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူ ဦးအောင်ဇင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မိုင်းလွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးနှင့် တောင်သူများမှ မိုင်းလွေတောင်ကွင်း ကွင်းအမှတ်(၃)၊ ဦးပိုင်အမှတ်(၃/၁)၊ တောင်သူဒေါ်နန်းနွန်းလုံ၏ မိုးစပါးဆင်းဧကရီ - ၃ စံပြစိုက်ကွက်(၀.၇၈)ဧကတွင် ကြိုးတန်းစနစ်ဖြင့် လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုးနေမှု အခြေအနေများကိုကြည့်ရှု၍ လိုအပ်သည်များကို တောင်သူများနှင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး