သတင်းများ

လယ်ယာထွက်ကုန်လုပ်ငန်းများသယ်ယူရာတွင် အဆင်ပြေစေရေး ကွမ်းဆေးမြောင်းကူးကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေး
Jul 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ ရေလုံလောက်စွာပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်သင့်သည့် ရေပြွန်များ၊ ရေတံခါးများ၊ ရေကျအဆောက်အအုံများအားပြန်လည်ပြုပြင်ပေးခြင်း၊ တိမ်ကောနေသည့် မြောင်းများအားတူးဖော်ပေးခြင်း၊ မြောင်းဆလံများအားကျောက်သားနံရံစီပေးခြင်း၊ ရေပေးဝေမြောင်းများပေါ်တွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတားများပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းတွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 02,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း၊ လူငယ်များအလုပ်အကိုင် ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ​ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်း (မ) ကျေးရွာတွင် ကျင်းပရာ အဆိုပါ အခမ်းအနားသို့  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ကော်မတီဝင်များ၊ လက်ပံကုန်း (မ)ကျေးရွာမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံပေး
Jul 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့ကစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
 မိတ္ထီလာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ
Jul 02,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာ အကြီးကိုကို(ကသာ)တို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့ အ-ထ-က(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jul 02,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 02,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက အသက်(၁၂)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Jul 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီးယားဓာတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီကပလောက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၂၇၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 02,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၂၇၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။