ကန်ကြီးထောင့် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ဒါးကကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒါးကကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်းကော်မတီ(၅)ဦးဖြင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်မှု အခြေအနေများအားကြည့်ရှုခဲ့သည်။
ထိုသို့ကြည့်ရှုရာတွင် တာဝန်ရှိသူများက လိုက်လံပြသရှင်းလင်းခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)