ကဝ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသည့် လက်ဆွဲကောက်စိုက်စက်များဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မကျက်ကြီးကျေးရွာ တောင်သူ ဦးတင်မောင်၏ လယ်ယာမြေ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ကြပ်အဖွဲ့မှ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပုံနည်းစနစ်များ ရှင်းလင်းပြောကြားခြင်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများဆောင်ရွက်ကြရာ မကျက်ကြီးကျေးရွာ၊ သပြေကန်ကျေးရွာ၊ ရှမ်းကန်ကျေးရွာ၊ သပြုကျေးရွာနှင့် ဘုမ္မဇိုးကျေးရွာများမှ တောင်သူ (၄၀) ဦးခန့် လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)