ကျွန်းလှ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြေအောက်ရေတင်ပြီး နေအိမ်ခြံဝင်းများအတွင်း သီးနှံမျိုးစုံစိုက်ပျိုးကြရာ ကီလိုမာလကာစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
“ ကျွန်တော် ကီလိုမာလကာအပင် (၆၀၀) စိုက်ပျိုးထားပါတယ်။ ပျိုးပင်တစ်ပင်ငွေကျပ် (၂၀၀၀) ပေးရပြီး မျိုးဖိုး၊ မြေဩဇာ၊ ဆေးဖိုး၊ လုပ်အားခအပါဝင် ငွေကျပ် နှစ်သိန်းခန့်ကုန်ကျပါတယ်။ အခုအခါ မာလကာသီးများ ကောက်ယူရောင်းချနေရပြီဖြစ်ပါတယ်” ဟု အင်းကြင်းမြိုင်ရပ်ကွက် မာလကာစိုက်ပျိုးသူတစ်ဦးက ပြောသည်။
အဆိုပါ ထွက်ရှိသည့် မာလကာသီးများကို တစ်လုံးငွေကျပ် ၂၀၀၊ ၂၅၀ဖြင့် ရောင်းချကြောင်း၊ ဒေသခံပြည်သူများမှ ခြံထိလာရောက်ဝယ်ယူကြကြောင်း၊ တစ်နေ့ မိသားစုအတွက် ငွေကျပ် (၂၅၀၀၀) ဝင်ငွေရရှိကြောင်း သိရသည်။
ကျွန်းလှမြို့ ရပ်ကွက်များအတွင်း မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက်၊ ပန်းမျိုးစုံ၊ နှစ်ရှည်ပင်မျိုးစုံ စိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)