သတင်းများ

(၂၁)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၃၉၈၁ ပါး အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 17,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် (၂၁)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဘိုကလေးမြို့နယ်တွင် သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး စုဖွဲ့ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဘေးသင့်ပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လူအသင့်၊ ယာဉ်အသင့်၊ ပစ္စည်းအသင့် အနေအထားများဖြင့် စုဖွဲ့ထားရှိမှုအခြေအနေကို စုဖွဲ့ထားရှိသည့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ယနေ့နံနက်(၉)နာရီ အချိန်တွင် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁) ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်
Jul 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်က လက်တွေ့ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jul 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ကျောက်တံတားမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကော်မတီဝင် ၁၂ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် ရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ရေကြီး၊ ရေလျှံမှုများကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်များအလိုက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို သိရှိစေရန်အတွက် ရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉း၀၀)နာရီအချိန်က မြရတနာရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  မြို့နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်
Jul 17,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲအား ယနေ့ နံနက် (၉) နာရီ အချိန်က အ.ထ.က(၁) ကျောင်း ပုပ္ပါးဆောင်တွင် ပြုလုပ်ခဲ့သည်။
အလုံမြို့နယ်၌ ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Jul 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။