အလုံမြို့နယ်၌ ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

အလုံ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်၊မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်း၀င်များ၊ ပရဟိတအသင်းများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါ၀င်‌သောအဖွဲ့ဖြင့် အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ကျောင်းလမ်းရှိ ရေဂါလံ(၁)သိန်း ဆံ့ရေကန်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်း၊ ရေဂါလံ(၅)သောင်းဆံ့ရေကန်၊ ဆင်မင်းရပ်ကွက်၊ စည်ပင်၀င်းအတွင်းရှိ ရေကန်များအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)