သတင်းများ

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Jul 17,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ ချင်းစုအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ငဝန်မြစ်ရေတက်မှုအား ကွင်းဆင်းကြည့်ရှု
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေတက်မှုနှင့် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်(၇:၃၀) နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ
Jul 17,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို အဆိုပါကျောင်းရှိ မိုးလုံလေလုံ အားကစားခန်းမဆောင်နှင့် စာသင်ဆောင်တို့တွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Jul 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Jul 17,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ပုဇွန်တောင်မြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ စားသုံးသူ (သုံးစွဲသူ) ပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီက အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jul 17,2024
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက ဒေသတွင်းဆိုလာသုံးစွဲသူမိဘပြည်သူများ ဆိုလာများ ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှံးမှုမရှိစေရေး၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အငြင်းပွားမှုမရှိစေပဲ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ရည်ရွယ်ပြီး ဆိုလာသုံးစွဲမှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားကွင်း၌ ကျင်းပကြသည်။