သာကေတမြို့နယ်ရှိပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်အတွက် တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။