သတင်းများ

ရွှေဘိုမြို့(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်​ဆောင်းပါးပြိုင်ပွဲများ ကျင်းပ
Jul 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း​ရွှေရတုခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်​ဆောင်းပါးပြိုင်ပွဲများကို ယ​နေ့နံနက်၁၀ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားတက်ရောက်
Jul 18,2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးတွင် သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်သည်။
တပ်ကုန်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jul 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အလယ်တန်းနှင့် မူလတန်းအဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jul 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား ကျောင်းသူများ သိရှိစေရန်နှင့် အစဉ်အမြဲ အောက်မေ့သတိရနိုင်စေရန် ရည်ရွယ်၍ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jul 18,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Jul 18,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး နှင့်သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး ဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦး ခရိုင်၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ချောက်မြို့နယ်၌ ရေဘေးရှောင်ပြည်သူ (၁၁၄၆)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ရေဘေးရှောင်ပြည်သူ(၁၁၄၆)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ်(၂၄၀၆၆၀၀)ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။