သတင်းများ

မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၄)ကြိမ်မြောက် မွန်ပြည်နယ်အစိုးရအဖွဲ့ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
Jul 17,2024
မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၁၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Jul 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Jul 17,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ စာကြည့်တိုက်များအား စာအုပ်လှူဒါန်းပွဲနှင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
သန်လျင်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်၊ ဓာတ်ပုံစာအုပ်စာစောင်၊ ပြပွဲကျင်းပ
Jul 17,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(၃)တို့ပူးပေါင်းကျင်းပသော အာဇာနည်နေ့ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ အ.ထ.က(၃)ခန်းမ၌ ကျင်းပသည်။
ပဲခူးမြို့ အ.လ.က(ခွဲ) ဗိုလ်ကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဆောင်ရွက်
Jul 17,2024
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလေးများ စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အ.လ.က(ခွဲ)ဗိုလ်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ်တည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနားနှင့် (ယာယီ)ဈေးဖွင့်လှစ်ရောင်းချနေမှုများအား ကြည့်ရှုအားပေး
Jul 17,2024
လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကြီးသည် ပြည်နယ်၏အထင်ကရဈေးတစ်ခုဖြစ်ကာ ဒေသနေပြည်သူများ၏ အဓိကရောင်းဝယ်ဖောက်ကားရာဈေးကြီးတစ်ခုဖြစ်ပြီး (၁၀-၁၂-၂၀၂၃) ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်စီးခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါသည်။
သာယာဝတီမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Jul 17,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုများနှင့် အမြန်ဆုံးတုံ့ပြန်ကူညီနိုင်ရေး လုပ်ငန်းအဆင့်ဆင့် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ငဖဲမြို့နယ် နယ်ဇောကျေးရွာ (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်
Jul 17,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက နယ်ဇောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။