သတင်းများ

မောက်မယ်မြို့နယ်၌ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း(ကဒူးလေး)နှင့် နေ့လယ်(၂)နာရီတွင် အခြေခံပညာမူလတန်းကျောင်း (နမ့်လွတ်)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ရိုးပြတ်များအား ယူရီးယားနှင့် အီးအမ်အသုံးပြုပြီး ထယ်ထိုးမြေမြုပ်ခြင်း အသိပညာပေး
Jul 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးရိုးပြတ်များအား ယူရီးယားနှင့် အီးအမ် အသုံးပြုပြီး ထယ်ထိုးမြေမြုပ်ခြင်း အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ နွေးစပါးရိုးပြတ်စိုက်ခင်း ၅ ဧက၌ ကျင်းပသည်။
ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဇူလိုင် ၁၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပုလောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 18,2024
ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကာလိမြို့တွင် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့် စာရေးဆရာ ဆူးသစ်ရေးသားသော ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Jul 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာသစ် နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကွင်းပြင်နေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။
ပုလောမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
Jul 18,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်၍ ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ ပုလောမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။