သတင်းများ

ကျိုင်းလပ်မြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 18,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 18,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူမျာသည် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့က ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုစုကျေးရွာရှိ “ငွေသောင်ယံ”ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက်ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၇) တို့ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၇) ၌ ကျင်းပသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ
Jul 18,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဘီးလင်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ
Jul 18,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျောက်ရေတွင်းကျေးရွာ ကွင်းအမှတ် (၂၆၉-က) တောင်သူဦးကျော်ဇင်လတ်၏ လယ်ကွင်း၌ ပြုလုပ်ခဲ့သည်။
မန္တလေးတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 18,2024
မန္တလေးတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ည‌နေပိုင်းက အင်းဝ(၉)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဘီးလင်းမြို့နယ် ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 18,2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ပညာရေးမိသားစုများမှစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘီးလင်းမြို့နယ်၊ အ.ထ.က (ဘီးလင်း) ကျောင်းပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။