သတင်းများ

တောင်တွင်းကြီးမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယနေ့နံနက်ပိုင်းက အင်းရွာအုပ်စု၊ တောရကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်‌သော အသိပညာပေး လက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်း၊ အသိပညာ‌ပေး ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများ စသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ကယားပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 18,2024
ကယားပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ အခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 18,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ) တွင် ယမန်နေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
အောင်လံမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံး
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၁၂ ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများစိုက်ပျိုးထား သည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ စာမေးပွဲအောင် သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် စာမေးပွဲတွင် အောင်မြင်ခဲ့သော သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။