ကာလိ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့် စာရေးဆရာ ဆူးသစ်ရေးသားသော ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဦးစည်သူအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာ ဆူးသစ်ရေးသားသော ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်စာအုပ်မှ လူငယ်နှင့်အတုယူခြင်း ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် နန်းမိုခမ်းက တန်ဖိုးဖြင့်လည်းကောင်း၊ ခွန်အောင်ခမ်းက တိကျသောအချိန်ဖြင့်လည်းကောင်း၊ နန်းခမ်းလူက ရှင်းသန့်သော လူငယ်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာအုပ်စာစောင်များအား ခင်းကျင်းပြသရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များက မိမိဖတ်ရှုလို့သည့် စာအုပ်စာစောင်များအား ငှားရမ်းဖတ်ရှုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံးအနေဖြင့် လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား လစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)