မိုးနဲမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာသစ် နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကွင်းပြင်နေရာ၌  ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား၊ ကျောင်းသူလေးများ နေ့ကြီးရပ်ကြီးများကို အမှတ်တရရှိနေစေရန်၊ လွတ်လပ်ရေးရရှိအောင် သက်စွန့်ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့မလျော့စေရန်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြတ်လာစေရန်နှင့် တိုင်းရင်းသားများ တစ်စုတစ်ဝမ်းတည်း စည်းလုံးညီညွှတ်မှုရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က မူးယစ်ဆေးဝါးသုံးစွဲသူများ ရရှိမည့်ဆိုးကျိုးများ၊ သုံးစွဲခြင်း၊ လက်ဝယ်တွေ့ရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ တွေ့ရှိပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ၊ ကိုရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်လေးများ သိရှိသင့်သည်များ၊ ရှောင်ရှားသင့်သည်များပါရှိသော အာဇာနည်()ဦး၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး နမ့်စလိုင် ကျောင်းအုပ်ဆရာမကြီးမှ ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)