သတင်းများ

မော်လမြိုင်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများဆောင်ရွက်
Jul 18,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိနားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့ မြစ်ရေဝင်ရောက်သည့် နေအိမ်များ၊ ရေဘေးရှောင်စခန်းများသို့ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်နစ်မြုပ်သည့် နေအိမ်များ၊ ရေဘေးရှောင်စခန်းများသို့ ယမန်နေ့က သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့မီးသတ်တပ်ဖွဲ့စခန်းအား ကြည့်ရှုစစ်ဆေး
Jul 18,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းသို့ ယမန်နေ့ မွန်းလွဲပိုင်းကရောက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲကျင်းပ
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲကို ယ‌နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၃)ကျောင်း ယာယီပိတ်ထား
Jul 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဝန်းအတွင်း ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၃)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ
Jul 18,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာ‌လေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ​ပေး​​ဟော​ပြောပွဲကို ယနေ့နံနက် (၁၀) နာရီ က အ.မ.က(တပ်တွင်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ဒေသခံပြည်သူများ စားသောက်ရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ကျွဲဒိကျေးရွာအုပ်စု၊ ကူကြီးကျေးရွာ၊ ကြည်ကုန်းကျေးရွာနှင့် ဇေယျာမြိုင်ကျေးရွာရှိ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီက သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။