သတင်းများ

ပွင့်ဖြူမြို့မဈေး၌ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်နေသည် မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာအုပ်စု၊ မဲခင်းချောင်အုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့မှ စားသောက်ရေးခက်ခဲသည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ရေသန့်နှင့် အခြေခံစားသောက်ကုန်များ၊ ထမင်းထုပ်များ လှူဒါန်းပေးလျက်ရှိ
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့် ပဲတခွဲကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့မှ စားသောက်ရေးခက်ခဲသည့်အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ရေသန့်နှင့်အခြေခံ စားသောက်ကုန်များ၊ ထမင်းထုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စဉ်ဆက်မပြတ်စီးဆင်းစေရေးနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များအတွက် စားသောက်ကုန်များ ထောက်ပံ့
Jul 23,2024
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများကို အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့်မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယမန်နေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီပြောပြိုင်ပွဲ၊ ပုံပြင်ဖတ်ပြခြင်း၊ စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဥာဏ်ရည် ဥာဏ်သွေးထက်မြတ် လာစေရန်ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အ.မ.က (ရွာသစ်မြောက်) ကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြင့် ပန်းချီပြောပြိုင်ပွဲ၊ ပုံပြင်ဖတ်ပြခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီး အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Jul 23,2024
၂၀၄-၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အခွန်ထမ်းဆောင်ပြည်သူများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဝါးခယ်မမြို့နယ်တွင် နယူး-၁၀ မျိုးစပါးနှင့် မှော်ဘီ-၃ မျိုးစပါးတို့အား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေး
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က နယူး-၁၀ မျိုးစပါးနှင့် မှော်ဘီ-၃ မျိုးစပါးတို့အား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။