ဝါးခယ်မမြို့နယ်တွင် နယူး-၁၀ မျိုးစပါးနှင့် မှော်ဘီ-၃ မျိုးစပါးတို့အား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေး

ဝါးခယ်မ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က နယူး-၁၀ မျိုးစပါးနှင့် မှော်ဘီ-၃ မျိုးစပါးတို့အား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ရေလိန်ကွင်းအမှတ်-၁၀၁၄(ခ)၊ ဦးပိုင်အမှတ်-(၇/၁) တောင်သူ ဦးဝင်းမောင်၏ လယ်မြေ (၃) ဧကတွင် နယူး-၁၀ မျိုးစပါးနှင့် မှော်ဘီ-၃ မျိုးစပါးတို့အား စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီ အဖွဲ့ဝင်များမှ ကြည့်ရှုအားပေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)