သတင်းများ

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
သရက်မြို့၌ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ယမန်နေ့ညနေ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယောဝရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် ကျေးရွာ(၁၄)ရွာမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲကျင်းပ
Jul 23,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
မိုင်းယန်းမြို့၌ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေသြဇာ ရောစပ်အသုံးပြုပုံ အသိပညာပေး လက်တွေ့သရုပ်ပြသ
Jul 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း မိုးစပါးစိုက် ဒေသခံတောင်သူလယ်သမားများအား စပါးအထွက်နှုန်း တိုးတက်ရရှိစေရန်အတွက် ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေသြဇာရောစပ်၍ အချိန်ကိုက် ထည့်သွင်းအသုံးပြုနည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ တောင်သူဦးအိုက်ဆမ်၏ မျိုးစေ့ထုတ်စံပြစိုက်ကွက်၌ ဆောင်ရွက်သည်။
နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးဟောပြောပွဲ ပြုလုပ်
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ ခရိုင်အဆင့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်လှစ်
Jul 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက မယ်ယန်းကျေးရွာအုပ်စု၊ ရွှေချောင်းသာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။