သတင်းများ

 ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်
Jul 23,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အ.ထ.က-ခွဲ(ပြည့်စုံကုန်း)နှင့် အ.ထ.က(ဝမ်းတွင်း)ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။
မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှုအခမဲ့ဆောင်ရွက်ပေး
Jul 23,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဂွေ့အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ကြသည်။
မိုင်းယုမြို့၌ စာဖတ်သူများထံ စာအုပ်များငှားရမ်းပေး
Jul 23,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယနေ့န့နက်ပိုင်းက စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။
အောင်မြေသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်းတွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိတ် ခုနစ်သိန်း စိုက်ထည့်
Jul 23,2024
ဧရာဝတီမြစ်တွင်း ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ၂၂လမ်းနှင့် ၂၆ လမ်းကြားရှိ မရမ်းခြံဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်
ဆင်ပေါင်ဝဲမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီက မြို့မစျေးအပြင်ရှိ မိဘဂုဏ်ဆီစက်နှင့် သီးနှံစုံရောင်းဝယ်ရေး ကုန်စုံဆိုင်၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လေထုညစ်ညမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းခြင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
Jul 23,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲတို့တွင် ယမန်နေ့က လေထုညစ်ညမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းခြင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။