မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး

မြန်အောင် ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့်မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယမန်နေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ရောင်းချပေးခဲ့ကြောင်းသိရသည်။

 မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို စားအုန်းဆီတစ်ပိသာ(၅၉၅၀)ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ၂၅ ကျပ်သားရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှု အားပေးကူညီဆောင် ရွက်ပေးခဲ့ကြသည်။

 ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကိုသတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)