ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဝါးခယ်မ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး အာဟာရဒါနကျွေးမွေးခြင်းနှင့် ‌အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်၊ ကြက်ဥနှင့် ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် လစဉ် (၂၁) ရက်နေ့တွင်ပင်စင်လစားများစတင်ထုတ်ပေးလျက်ရှိရာ ပင်စင်စားဦးရေစုစုပေါင်း (၂၇၈၅) ဦးရှိသည့်အနက် ယနေ့ထိလာရောက်ထုတ်ယူသူ (၈၅၀) ဦးခန့် ရှိကြောင်း ကျန်ရှိသူများအား ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)