မုံရွာ၊ ဇူလိုင် ၂၃
၂၀၄-၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အခွန်ထမ်းဆောင်ပြည်သူများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့်အခွန်ငွေများ အပြည့်အဝရရှိမှသာ ပြည်သူ့အကျိုးပြုသုံးစွဲငွေများအား သုံးစွဲနိုင်မည်ဖြစ်ကာ အခွန်ငွေများတိုးတက်ကောက် ခံရရှိရန်လိုအပ်ပါကြောင်း၊ အခွန်ပေးဆောင်ရသူများ အနေဖြင့်လည်း မိမိပေးဆောင်သည့် အခွန်နှင့်ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေ၊နည်းဥပဒေများအရ ပေးဆောင်ရန်တာဝန်ရှိပြီး ရှင်းရှင်းလင်းလင်းသိရှိမှသာ အခွန်ငွေများအား လိုလားစွာပေးဆောင်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အခွန်ကောက်ခံမှုအပေါ် အလေးထားဆောင်ရွက်နေမှုများအား တွေ့မြင်နိုင်မှာဖြစ်သကဲ့သို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အနေဖြင့်လည်း အခွန်ကောက်ခံမှုလုပ်ငန်းများအား မျက်ခြေမပြတ်ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊
အခွန်ထမ်းပြည်သူများအနေဖြင့် တစ်ဦးချင်းစီအလိုက် အခွန်တာဝန်များအား ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ပြည်သူအများလိုလားတောင်းတသည့် စည်ပင်သာယာဝပြောသည့် လူမှု့ဘ ဝအစစ်အမှန်များအား ရရှိမှာဖြစ်သလို နောင်လာမည့်မျိုးဆက်သစ်များအပေါ် တာဝန်ကျေပွန် မည်ဖြစ်ကာ ကောင်းမွန်ပြည့်စုံသည့် လက်ဆင့်ကမ်းတာဝန်များကိုလည်း လွှဲပြောင်းပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ အခွန်ဝန်ထမ်းများအနေဖြင့် ကောက်ခံရန်သတ်မှတ်ပေးထားသည့် လျာထားချက်များအား ပြည့်မီကျော်လွန်စွာကောက်ခံရရှိရေး၊ ရသင့်ရထိုက်သည့်အခွန်ငွေများအား တိမ်း ရှောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုရယူသူများထံမှ အခွန်အခလွတ်ကင်း လျော့နည်းမှုမရှိစေရန် ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးစောဆွေက အခွန်ဆိုင်ရာသိကောင်းစရာများအားလည်းကောင်း၊ မုံရွာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တင်ဒါနှင့်ပတ်သက်သည့် အခွန်ကိစ္စရပ်များနှင့် ပြေစာအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)