တွံတေးမြို့နယ် မယ်ပြေကျေးရွာ၊ အ.ထ.က(ခွဲ)မယ်ပြေ၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့ နံနက်(၁၀)နာရီက ဂယက်လမီးကျေးရွာအုပ်စု၊ မယ်ပြေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မယ်ပြေ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။