သတင်းများ

အမရပူရ​မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မဟာသစ္စာအာင်မြေဘုန်းတော်ကြီးကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ် ပတ္တမြားကျေးရွာရှိ မဟာသစ္စာအောင်မြေဘုန်းတော်ကြီးကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ခရိုင်/မြို့နယ်အဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေး အသိရှိစေရန်၊ ကျန်းမာကြံခိုင်သန်စွမ်းသော လူငယ်လေးများ ဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီ အချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 24,2024
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌သည်။
မင်္ဂလာဒုံမြို့နယ်တွင် ကျွဲ၊ နွား တိရစ္ဆာန်များ ခွာနာလျှာနာရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာနေခြည်နွေးနှင့် ဝန်ထမ်းများက အမှတ် (၄) စိုက်ပျိုးရေးနှင့်မွေးမြူရေးစခန်းသို့သွားရောက်၍ ကျွဲ၊ နွား တိရစ္ဆာန်များ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ဆေးတက္ကသိုလ်-မန္တလေး ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ
Jul 24,2024
ဆေးတက္ကသိုလ်-မန္တလေး မိသားစု၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၈၄/၈၅ လမ်းကြားရှိ ဒဟတ္တောကျောင်းတိုက်၊အကနိဋ္ဌဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရေကြီးနစ်မြုပ်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များထောက်ပံ့လှူဒါန်း
Jul 24,2024
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်မခရေမြင့်တက်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က ရေဘေးသင့်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေး ကူညီစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jul 24,2024
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်သည့်ကာလအတွင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကြီးနှင့် ကီလီ (ဝါးတန်းဆိပ်ကမ်း) သို့ ပြေးဆွဲမောင်းနှင်လျက်ရှိသည့် ရွှေရန်ကုန်စက်တပ် ရေယာဉ် (သမ္ဗန်) ဂိတ်တွင် ရေယာဉ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိစေရေး ကူညီစောင့်ရှောက်ပေးခြင်းကို မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက်ရှိသည်။