မုံရွာ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအတွင်း၌ တိုင်းဒေသကြီး/ ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် ဆုများရရှိအောင် အစွမ်းကုန်ကြိုး စားယှဉ်ပြိုင်သွားကြရန်နှင့် လေ့ကျင့်နေသည့်ကာလအတွင်း ကျန်းမာရေးအား အထူးဂရုပြုနေ ထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် နေထိုင်စားသောက်ရေးနှင့် သွားလာရေး ကိစ္စရပ်များအား လိုအပ်ချက်မရှိအောင် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားအတွင်းရှိ ဖူဆယ်အားကစားရုံအတွင်း တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အားကစားသမားများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ (ပြန်/ဆက်)