ကော့သောင်း ဇူလိုင် ၂၃
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်တံဆိပ်)ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကော့သောင်းမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောစုကြည်က အခွန်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်တံဆိပ်) ကပ်နှိပ်ခြင်းဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်အခွန်းထမ်းပြည်သူများ၏ မရှင်းလင်းသည့်အချက်များ မေးမြန်းမှုများအား တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့်တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့်မိုဘိုင်းဖုန်းဆိုင်များ အစရှိသည့် လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင် ၅၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)