သတင်းများ

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
Jul 23,2024
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့နှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ်နှင့် ဥပဒေပြဌာန်းချက်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Jul 23,2024
မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းညွန့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မွန်းလွဲပိုင်းက ရွှေပြည်သာမြို့နယ်အမှတ်(၉)ရပ်ကွက်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံ သံဂဟေဆက်နည်းသင်တန်းဆင်းပွဲ ကျင်းပ
Jul 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အခြေခံသံဂဟေဆက်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရွှေဘိုခရိုင် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jul 23,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆရာ​မောင်ခင်မင်(ဓနုဖြူ)​ရေးသားသည့်"အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ"စာအုပ်ဖြင့် ယ​နေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သမဝါယမအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  အောင်ငြိမ်းချမ်းရောင်း၀ယ်ရေး သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ၌ အမှတ်(၄၂)အခြေခံပညာမူလတန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၃ စင်တီမီတာခန့် ကျော်လွန်တည်ရှိနေဆဲဖြစ်
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ၁၃ စင်တီမီတာ ကျော်လွန်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။