အမရပူရ ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ နံနက်(၉)နာရီက အမရပူရ မြို့နယ်၊ ပြည်လုံးကျော်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်း များက နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာစေပြီး ဇီဝဆိုင်ရာ အချက်အလက် စိစစ်ကောက်ယူ၍ Database တွင် သိမ်းဆည်း၍ မတူညီဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို နေ့စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)