Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ကျဆင်းနေပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက်သို့ ရောက်ရှိကာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်နှင့်တိုင်းကျန်းမာရေးဌာနမှတာဝန်ရှိသူများပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် အမှတ်(၂၈)ရပ်ကွက် အောင်မင်္ဂလာလမ်းရှိနေအိမ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ဆေးကုသပေးခြင်းများ ဆောင်ရွက်
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီက မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သံဃာတော်များဆေးကုသဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရေဘေးသင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကူကြီးကျေးရွာ၊ ကြည်ကုန်းကျေးရွာနှင့် ဇေယျာမြိုင်ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ သွားရောက်ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်တွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 24,2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ်တွင်း လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၂) ရပ်ကွက်အတွင်းရှိ ရေဘေးရှောင်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်တွင် သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများအား သွင်းအားစုများပံ့ပိုးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုတို့မှ နောင်မိုင်းမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများ၏ (၁၅၆) ဧကအတွက် (၃၁၂) သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းမှ ထုတ်လုပ်သော စွမ်းထက်ဓာတ်မြေဩဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7730
Page
7731
Page
7732
Page
7733
Current page
7734
Page
7735
Page
7736
Page
7737
Page
7738
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department