သတင်းများ

ချောင်းဆုံမြို့နယ်၌ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး (၃၈)ဖြာ ကိုယ်ကျင့်သီလမင်္ဂလာ ဗဟုသုတများ ဆွေးနွေးပို့ချ
Jul 27,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး (၃၈)ဖြာမင်္ဂလာ ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်  World Peace Ethics Contest နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၃၈)ဖြာ ကိုယ်ကျင့်သီလမင်္ဂလာ ဆင့်ပွားသင်တန်းပို့ချခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ် ဒူးရင်းဆိပ်‌ကျေးရွာရှိ ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 27,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား သထုံခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း (၁၃)ခု ဖွင့်လှစ်ထားရှိ
Jul 26,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(အင်ပု)တွင် မိုးကောင်းရတနာ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (အင်ပု)တွင် ယနေ့နံနက် ၁၀ နာရီက မိုးကောင်းရတနာ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပခဲ့သည်။
ပဲခူးမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်
Jul 26,2024
ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ပေါင်မြို့နယ်၌ သက်သာသော‌ဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ
Jul 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွား
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ ဇူလိုင်လ (၂၆) ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးသန်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့်တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။