ပြည်နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အောင်ပွဲရ အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

လင်းခေး ဇူလိုင် ၂

၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အောင်ပွဲရရှိခဲ့ကြသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်မှ အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲကို ဇူလိုင် ၂၂ ရက်နေ့ နံနက် နာရီက မြို့အဝင်လမ်းဆုံနေရာ၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် လင်းခေးမြို့နယ် အားကစားသမားများက ရွှေတံဆိပ်ဆု()ခု၊ ငွေတံဆိပ်()ခုနှင့် ကြေးတံဆိပ်ဆု()ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုဖလား ရရှိခဲ့ကြသည်။

အားကစားသမားများအား စစ်ဗျူဟာအဖွဲ့(အခြေချ)(လင်းခေး) မှစစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော် ထွန်းလတ်၊ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့၊ ရှမ်းတိုင်းရင်းသား လူငယ်မောင်မယ်များ၊ ခရိုင်နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)